ဦးစိုးသူရထွန်း

ပြည်ထောင်စုဝန်ကြီး

၁၉၇၀ ပြည်နှစ်တွင် အောင်လံမြို့ ၌မွေးဖွားသည်။ ၁၉၈၅ တွင် မြစ်ကြီးနာမြို့ အထက(၁) မှ အခြေခံပညာ အထက်တန်းအောင်မြင်ကာ မန္တလေး တက္ကသိုလ် နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဘူမိဗေဒ အထူးပြုဘာသာရပ် ဖြင့် ပညာသင်ကြားခဲ့ပြီး ၁၉၉၉ တွင် မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ တက္ကသိုလ် ဆရာအဖြစ် ရန်ကုန်၊ ဒဂုံ၊ ပုသိမ် တက္ကသိုလ်များတွင် ၁၉၉၅ မှ ၂၀၀၄ အထိ ဆောင်ရွက်ခဲ့ကာ လက်ထောက်ကထိက အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သုတေသနများ ဆောင်ရွက်ကာ နိုင်ငံတကာစာတမ်းများ ရေးသားခဲ့သည်။ ၂၀၀၇ မှ ၂၀၁၅ အတွင်း လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ၊ ဖြစ်တန်စွမ်းလေ့လာမှုများ၊ သုတေသနများ ဆောင်ရွက်ခဲ့သည်။

၁၉၈၈ အရေးတော်ပုံမှ စတင်၍ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရကာ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်၍ ပြည်သူလူထု၏ အခက်အခဲ၊ ပြဿနာများအား ကူညီဖြေရှင်းခဲ့ကာ လွှတ်တော် သို့ ဥပဒေကြမ်း ၅ ခု တင်သွင်းခဲ့ပြီး ၄ ခု ကို အတည်ပြုနိုင်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီလတွင် CRPH ၏ ဥပဒေရေးရာကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Scroll to Top